Preserving Myanmar’s cultural heritage and passing it to new generations

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှာက်ရေး နှင့် မျိုးဆက်သစ်များ လက်ဆင့်ကမ်းရေး

မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းသားခေါ်ယူခြင်း

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT – Myanmar Cultural Heritage Trust) မှ ကြီးမှူး၍ အောက်ပါအတိုင်း သင်တန်းသား ခေါ်ယူအပ်ပါသည်။

သင်တန်းကာလ – ၁၂ လ (အခြေခံ+ရုပ်စုံ+လုပ်ငန်းခွင်လေ့လာမှု)

သင်တန်းအချိန် – တနင်္လာနေ့မှသောကြာနေ့အထိ (နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ)

သင်တန်းနေရာ – အနုပညာအထက်တန်းကျောင်းဝင်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

သင်တန်းနည်းပြ – ဆရာ ဉီးသန်းအောင်ထွန်းနှင့်အဖွဲ့

သင်တန်းကြေး – အခမဲ့ (သင်တန်းသား ၁၅ ဉီး ကန့်သတ်လက်ခံမည်)

သင်တန်းသား အရည်အချင်း 

အသက် ၁၆ နှစ်မှ ၄၅ နှစ် အတွင်း ကျား/မ မရွေး ဝါသနာပါပြီး စိတ်အား ထက်သန်သူ ဖြစ်ရမည်။

ကျန်းမာရေးကောင်းမွန်ပြီး လက်နှင့် မျက်လုံး အသုံးပြုရာတွင် ကောင်းမွန်သူ ဖြစ်ရမည်။

အကျင့်စာရိတ္တကောင်းမွန်ပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်။

သင်တန်းဆင်းအကျိုးကျေးဇူးများ

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သင်တန်းဆင်းလက်မှတ် ထုတ်ပေးပါမည်။

သင်တန်းဆင်းလက်ရာ စျေးကွက်ဝင်ရုပ်သေးရုပ်များ ရောင်းချနိုင်ရန် စျေးကွက် ဖန်တီးပေးပါမည်။

မြန်မာ့ရုပ်သေးသဘင်လောကရှိ အနုပညာရှင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။

လျှောက်ထားရန် လိုအပ်ချက်နှင့်နေရာ

၁။ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ရဲစခန်း ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ

၂။ ဖေါင်များကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံး၊ စိမ်းလန်းစိုပြည်ပန်းခြံ၊ အင်းယားလမ်း၊ ရန်ကုန်မြို့တွင် (၈-၆-၂၀၂၆) ရက်နေ့မှ စတင်ထုတ်ပေးမည် ဖြစ်ပြီး၊ (၁၅-၆-၂၀၂၆) ရက်နေ့ နောက်ဆုံးထား တင်ပေးရန်

လူတွေ့စစ်ဆေးမည့်ရက် – ၂၄-၆-၂၀၂၆

သင်တန်းဖွင့်ရက် – ၆-၇-၂၀၂၆

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT – Myanmar Cultural Heritage Trust) ရန်ကုန်မြို့

ဆက်သွယ်ရန်

အမည် – ဉီးဌေးလင်း

ဖုန်း – ၀၉၇၇၇၀၁၃၅၀၆

အမည် – ဒေါ်နီနီစိုး

ဖုန်း – ၀၉၅၅၀၇၅၉၉

Puppet Cultural

  • Collaborate with fellow architects.
  • Showcase your projects.
  • Experience the world of architecture.

Bagan view

  • A world of thought-provoking articles.
  • Case studies that celebrate architecture.
  • Exclusive access to design insights.

Join 900+ subscribers

Stay in the loop with everything you need to know.